Thursday, May 24, 2012



(Please find the English version of this article at the end of this Burmese version.)


တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း


မကြာသေးခင်က ဂူဂယ်အပ် (Google Earth) internet မြေပုံမှာ ၂၀၁၀ ခုနှစ်၊ မေလက ဂြိုဟ်တုမှ ရိုက်ထားသော စက်တလိုက် satellite ဓါတ်ပုံထဲမှာ စိတ်ဝင်စားဖွယ်ရာ နေရာ (site) တစ်ခုကို မြင်လိုက်ရမိသည်။ ထိုနေရာတွင် ကွန်တို (ခေါ်) လှေခါးထစ် သဖွယ် တောင်ကုန်းများကို ဖြတ်ဖေါက်ထားသော သတ္တုတွင်း (contour strip mine) ကို မြင်နေရသည်။ တောင်ကုန်း တောင်တန်း အတွင်းရှိ မြေအောက် သတ္တုကြောကို ထိအောင် အပေါ်ယံ မြေသားကို လှန်ထပ် ဖယ်ရှားကာ မြေပြင်ကို လှေခါးထစ် အဖြစ် ဖေါက်တည်ထားသည်။ တချို့နေရာများတွင် တောင်ကုန်းနံရံများကို တူးဆွ ဖေါက်ချပြီး သတ္တုတွင်းကို ဖဲ့ယူကြသည်။ ဤသို့ သတ္တုတွင်းကို ဖဲ့ခြစ် ထုတ်ပြီးသောအခါ တောင်ကြောတခုလုံးတွင် လှေခါးထစ်သဏ္ဍန် မြေပြင်မှာ ကျန်နေခဲ့သည်။ (ဓါတ်ပုံ - )


ပူးတွဲပါ ဓါတ်ပုံတွင် ကားလမ်းများကို တောင်ကမ်းပါးရံ တလျှောက် လှေခါးထစ်ပုံ ဖေါက်ထားသည်ကို မြင်နိုင်သည်။ အချို့လမ်းများ၌ လော်လီကား၊ ထရပ်ကားများ တန်းစီလျက် သတ္တုတွင်းများကို တင်ဆောင် ယူသွားရန် စောင့်နေကြပုံကို မြင်နေရသည်။ ဒေသခံ ကချင်အမျိုးသားများ၏ အဆိုအရ ဤ တူးဖေါ်နေသော သတ္တုမျိုးမှာ မိုလစ်ဒီနမ် (molybdenum) ဟုဆိုပါသည်။ ဤသတ္တုများကို တရုတ်ပြည်တွင်းသို့ သယ်ဆောင် သွားကြပါသည်။ (ဓါတ်ပုံ - )


Wikipedia အင်တာနက် အဘိဌာန်တွင် ဖေါ်ပြထားသည်များအရ မိုလစ်ဒီနမ်ကို ပင်မသတ္တုအဖြစ် တူးဖေါ်နေကြသည့် နေရာတွင် ကြေးနီ (copper) နှင့် သံဖြူ (tungsten) ကိုလည်း တွဲဖက် တူးဖေါ် ရရှိလေ့ရှိ၏။ သတ္တုရိုင်း မိုလစ်ဒီနမ်ကို metal သံမာများ ပြုလုပ်ရာ၌ `အရော’ (alloys) အဖြစ် ကြိုသုံးကြသည်။ မိုလစ်ဒီနမ်မှာ အထူးတလည် ပြင်းထန်သော အပူဒဏ် (heat) ကို ခံနိုင်သည်။ ထို့ကြောင့် သံချပ်ကား၊ လေယာဉ်ပျံသုံး ပစ္စည်း၊ အီလက်ထရောနစ် (electronic) ပစ္စည်းပြုလုပ်ရာတွင် စေ့ကပ် (contact) သည့်ပစ္စည်း၊ မော်တာစက် (motor) စသည်တို့တွင် သုံးကြသည်။ ၂၀၀၅ ခုနှစ်၊ ဇွန်လပိုင်းက ကမ္ဘာ့ သတ္တုဈေးကွက်တွင် မိုလစ်ဒီနမ် တစ်တန်လျှင် ဒေါ်လာ ၁၀၃,၀၀၀ (တစ်သိန်းကျော်) ဈေးထိ မြင့်တက်ခဲ့ဘူးသည်။ ၂၀၀၉ ခုနှစ်၊ သြဂုတ်လက မိုလစ်ဒီနမ် ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၃၀,၀၀၀ (သုံးသောင်း) ဈေးရှိခဲ့သည်။ (ဓါတ်ပုံ - )


မိုလစ်ဒီနမ် သတ္တုမိုင်း တူးဖေါ်နေသည့် နေရာမှာ တရုတ်နယ်စပ်နှင့် ကပ်လျက် ကချင်ပြည်နယ် မြေပေါ်တွင် တည်ရှိနေသည်။ ကချင်ပြည်နယ်တွင်းရှိ ချီဖွေမြို့၏ အရှေ့ဖက် (မျဉ်းဖြောင့်) ၂၆ မိုင်အကွာ၊ မြစ်ကြီးနားမြို့မှ (မျဉ်းဖြောင့်) တစ်တန်းထည်း မိုင် ၈၀ အကွာတွင် တည်ရှိသည်။ ဒုတိယ ကမ္ဘာစစ်ကာလ အမေရိကန် နိုင်ငံ၊ Texas ပြည်နယ်သား လေယာဉ်(ပိုင်းလော့)မှူဂျင်မီဖောက်စ် (Jimmy Fox) ပျံသန်း ပျက်ကျခဲ့သည့် လေယာဉ်ပျက်ရှိရာ၊ တရုတ်-မြန်မာ နယ်စပ်နေရာမှ အနောက်ဖက်သို့ (မျဉ်းဖြောင့်) ၁၀ မိုင်အကွာရှိသည်။ လတ္တိကျုအားဖြင့် ၂၅ံ ၅၁’ ၁၅.၃၀” (မြောက်) နှင့် လောင်ရျီကျု ၉၈ံ ၃၂’ ၃၈.၆၁” (အရှေ့) နေရာတွင် တည်ရှိသည်။ (ဓါတ်ပုံ - ၄)
(မှတ်ချက် -- လတ္တိကျုအားဖြင့် ၂၅ံဟု ပြန်ပြင် ထားပါသည်။ ၂၁ မှာ အရိုက် မှား သွားပါသည်။ ခွင့်လွှတ်ပါ၇န်။)



မိုလစ်ဒီနမ် သတ္တုတွင်းရှိရာ ဒေသသည် တိုင်းရင်းသား ကချင်လူမျိုးများ သွားရောက် နေထိုင်ခဲသော၊ လူနေ ကျဲပါးသော နေရာဖြစ်သည်။ အတွင်းသိ ဒေသခံ အမည်မဖေါ်လိုသော ကချင်မိတ်ဆွေများ၏ အဆိုအရ ထိုသတ္တုတွင်းတရုတ်အုပ်စုများက တူးဖေါ်နေကြပြီး ဒီမိုကရက်တစ် တပ်မတော်သစ် (NDA -- New Democratic Army) အမည်ရှိ နယ်ခြားစောင့် ကချင်အဖွဲ့က စီမံကြီးကျပ်သည်။ သတ္တုတွင်းရုရှားပညာရှင်များ (technician) များ ပါဝင်လုပ်ဆောင်ကြကြောင်းလည်း ဆိုပါသည်။

 သတ္တုတွင်း (mine) သည် မြန်မာ့တပ်မတော် ဗိုလ်ချုပ်များ၏ တရားမ၀င် စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ တိုင်းပြည်အတွက် စီးပွား၊ ၀င်ငွေ ဖြစ်စေရမည့်အစား ကိုယ့် စစ်ဘောင်းဘီအိပ် အတွင်း ကိုယ်ကျိုးယူနေကြခြင်း ဖြစ်သည်။

ဒေသခံ ကချင်အမျိုးသားများ အဆိုအရ အချိန်အားဖြင့် ၂၀၀၅-၂၀၀၆ ခုနှစ် ၀န်းကျင်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် (Maj-General) အုန်းမြင့်ကိုယ်တိုင် သတ္တုတွင်းနေရာသို့ လာရောက်ကချင် နယ်ခြားစောင့် တပ်များ၏ ခေါင်းဆောင်ကြီး ဇခုန်တိန့်ယိန်း (Zahkung Ting Ying) နှင့် အပေးအယူ လုပ်ခဲ့ကြသည်။ ဦးဇခုန်တိန့်ယိန်း ဆိုသည်မှာ ၄င်း ၏ ကချင် မိတ်ဟောင်းကြီးများ အဆိုအ၇ - ယခုအခါ လက်ညိုးညွန်ရာမလွှဲ ဆိုသကဲ့သို့ ဟိုတယ်များ၊ အိမ်များ၊ ကုမ္ပီများ၊ စက်ရုံများ၊ ဘိန်းခင်းများ နှင့် ခေတ်မှီ ဘိန်းချက်စက်ရုံများ ပိုင်ဆိုင်သည်။ ယနေ့အချိန်တွင် ဗိုလ်ချုပ်အုန်းမြင့်၏ မိတ်ဆွေကြီး ဖြစ်သော ဦးဇခုန်တိန့်ယိန်းမှာ မြန်မာနိုင်ငံ၏ လွှတ်တော် ကိုယ်စားလှယ်ကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ တိုင်းမှူးကြီး ဗိုလ်ချုပ်အုန်းမြင့် မှာလည်း (ယခင်) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သစ္စာတော်ခံအဖြစ် ရာထူးအရပ်ရပ် တိုးခဲ့ပြီး၊ ယနေ့အခါတွင် လက်ရှိ မြန်မာနိုင်ငံ အစိုးရ၏ သမ၀ါယမ ၀န်ကြီး ဦးအုန်းမြင့် ဖြစ်လာခဲ့ပေသည်။ မိုလစ်ဒီနမ် သတ္တုတွင်းမှာလည်း တရုတ်တို့ တူးယူဆဲပင်။

တခုသာ ထူးခြားစွာ မြန်မာပြည်သူပြည်သားတို့ မကြာသေးမှီက ကြားနာရသည်မှာ မြန်မာနိုင်ငံ၏ ဘာငွေမှာ ခါလီချ၊ ကွေးဗေလပွဖြင့် -- နိုင်ငံခြား နိုင်ငံများကို ဒေါ်လာငွေ ၁၁ ဘီလီယံ (11 Billion US$ -- သန်းပေါင်း တစ်သောင်း တစ်ထောင်) ကျော် ကွေးတင်နေသည်ဟု ဘာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအဖို့ စစ်အစိုးရအဆက်ဆက်က တရားဝင် နိုင်ငံတကာ စီးပွားကုန်သွယ်မှုများ ပြုခဲ့သည်ကို တစ်ခါတစ်ရံ အကြမ်းဖျင်းမျှ သိရသည် လည်း ရှိသည်၊ မသိရှိရသည်က များသည်။ အိမ်နီးချင်းနိုင်ငံ (အထူးသဖြင့် တရုတ်ပြည်) သို့ စီးပွားကုန်သွယ်မှုပြုခြင်း၊ နိုင်ငံ သယံဇာတများကို ဖေါဖေါသီသီဖြင့် တရားဝင် ရောင်းချကာ၊ တရားမ၀င် လက်သိပ်ထိုး လဒ်ယူနေကြသည် ကိုလည်း နားလည်ကြပါသည်။

ယနေ. NLD နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူအများကို ပညာပေး နားလည်နိုင်စေရန် ယခင် စစ်အစိုးရများ ခေတ်အဆက်ဆက်က တရားဝင် နိုင်ငံတကာ စီးပွားဆက်သွယ်မှု (trade) လုပ်ခဲ့စဉ်က မည်သည့်နိုင်ငံသို့၊ မည်သည့် သယံဇာတများ၊ ငွေကြေးမည်မျှ တန်ဖိုး ရောင်းချခဲ့သည်များ၊ မည်သည့်နိုင်ငံ လုပ်ငန်းဆောင်တာများ အတွက်၊ မည်မျှတန်ဖိုးအတွက် ကွေးအဖြစ် ၀ယ်ယူခဲ့သည်များကို လက်ရှိ (စစ်အစိုးရ မဟုတ်တော့ ဟုဆိုသော) အစိုးရထံမှ ရယူပြည်သူကို တင်ပြကြရမည့်အချိန် ဖြစ်နေပြီဖြစ်သည်။ အကြောင်းမှာ တနိုင်ငံလုံး မွဲပြာခံနေရသည့်ကြားမှ၊ ‘နိုင်ငံတော်ကွေး၊ ပြည်သူ.အကွေး’ (national debt, public debt) အဖြစ် ပြည်သူတို့က တာဝန်ရှိနေရပြန်ပြီ ဖြစ်သောကြောင့် တည်း။

ယခုတော့ သမ္မတကြီး ဦးသိန်းစိန်နှင့် ခိုးသားငါးရာတို့ နိုင်ငံတကာလှည့်ကွးများ ပြန်ဖျက်သိမ်းပေးရန် မျက်နှာချို သွေးနေကြသည်ကို ကြား မြင် သိလျက်၊ ကျဆုံးသွားလေသူ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းများမှ တစ်ခုကို သတိရမိရစေသည် --  “ဟိုလူမြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူမြင်ရတဲ့အခါ မျက်နှာချိုသွေးရ။ ဖါသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ…….”

 ၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

A strip mine at Chinese border in Kachin land, Burma

Recently, an interesting feature was discovered on a satellite image from March 2010; it is a contour strip mine located near the Chinese border in Kachin State, Burma.  You can see it on GoogleEarth at the following coordinates: 25 51’ 11.58”N, 98 32’ 50.01’E.  (Figure 1)

The contour strip mine shown in Figure 1 is located about 80 miles east of Chipwi and about 80 miles northeast of Myitkyina.  Interestingly, the mine is 10 miles away from the location of a World War II plane wreck that occurred during flight HUMP piloted by Jimmy Fox of the State of Texas in the United States.  The mine has an areal extent of around 250 acres and is located in an isolated area in the northeastern Chinese-Burma border regions, which is sparsely populated by Kachin people.  My anonymous sources tell me the mine is operated by some Chinese groups and by the Kachin Border Guard Forces of the New Democratic Army (NDA) led by Zahkung Tingying.  Some Russian technicians have also been involved in the venture.

Contour stripping involves removing overburden above a mineral seam in hilly or mountainous terrain where the mineral outcrop usually follows the contour of the land.  Contour stripping is often followed by auger mining to remove more of the mineral ore.  This method commonly leaves behind terraces in the mountainsides.  The image in Figure 2 shows many roads have been built following the terrain contours.  Trucks are lined up for loading ore.  According to an anonymous Kachin source the ore is a molybdenum mineral. 

Molybdenum is mined in many areas as a primary ore or as a byproduct of copper and tungsten mining.  About 80% of molybdenum is used in metallurgical applications, such as alloys.  The ability of molybdenum to withstand extreme temperatures without significantly expanding or softening makes it useful in applications that involve intense heat, including the manufacture of armor, aircraft parts, electrical contacts, industrial motors and filaments.  Molybdenum had a value of approximately $30,000/ton as of August 2009.  It maintained a price at or near $10,000/ton from 1997 through 2003 and reached, due to increased demand, a peak of $103,000/ton in June 2005.  (http://en.wikipedia.org/wiki/Molybdenum)  Figure 3 shows the close-up pictures of activities at the mine.
This mine is an example of an illegal/informal trade venture of the Burmese military.  Officers from the battalion to the General level have made money out of it, when in fact the revenues should be accruing to the nation.  Local sources tell me that the deal was made in 2005-2006 between major General Ohn Myint and Zahkung Tingying, leader of the Kachin Border Guard.  According to his colleagues of the Burmese Communist Party, Mr. Zahkung Tingying has become wealthy as the owner of hotels, houses, companies, factories, opium fields and opium processing factories.  Major General Ohn Myint, one of former Senior General Than Shwe’s beloved right-hand men, has now become Minister of Industry/Cooperatives in Thein Sein’s Burmese government.  Mr. Zahkung Tingying, Major General Ohn Myint’s great friend, has become a member of the Burmese parliament.  Still the molybdenum mine is in full operation.  (Figure 4)
For the Burmese people, the latest news is the new government’s revelation that Burma owes 11 billion dollars of debt to other nations.  Under a series of military occupations of Burma, such as those of the dictators Ne Win, Saw Maung and Than Shwe, the Burmese people sometimes heard about formal international trade, but they are overwhelmed by the news of illegal/informal trading partnerships with neighboring countries, especially with China.  They also knew about informal (illegal) trading of natural resources by Burmese military commanders through their cronies.  But they are hurt to learn that natural resources of the nation are being sold out cheaply for bribes that the military leaders have taken when the nation is so deeply in debt. 
It is time now that the NLD and members of the parliament, who claim to be for the people, investigate and inform the Burmese people about which countries have been sold what goods and resources and for how much money, and from which countries Burma has taken loans and for what activities.  The people of Burma deserve to know these facts since they are now responsible for this $11 billion as an international public debt.
Today Ali Baba (Thein Sein) and 500 thieves are talking to Japan, Italy and other countries and organizations begging to waive the nation’s debt.  This reminds me of the speech of the late General Aung San on Burma’s future:   "Having to throw a sweet face to this person and to that person currying favor would be like a nation of prostitutes". In Burmese, it says (ဟို လူ ကိုမြင်၇တဲ့ အခါ မျက်နှာချိုသွေး၇၊ ဒီ လူ ကိုမြင်၇တဲ့ အခါ မျက်နှာချိုသွေး၇၊ ဖါ သည်လို နိုင်ငံမျိုး ဖြစ် နေ မှာပဲ ဆိုတာ…).
>
>
>
End.
Authored by Dr. U Win, Viz Center, California, USA.
Posted by Winners Circle on May 24, 2012.